သော ဘဂ၀ါ ဣတိပိ အရဟံ ...သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ.. အယံ ကာယော အသုဘော.. မရဏံ မေ ဘ၀ိဿတိ..

Friday, October 7, 2011

ကထိန် ဖိတ်ကြားလွှာ

စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
ဖိတ်ကြားလွှာ



မလေးရှားနိုင်ငံ စမုံညင်းဒေသ ညောင်ကန်အေးဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးမွေ.လျှော်ပုရိမ၀ါမှထတော်မူကြသော သံဃာတော်များနှင့် ပင့်သံဃာတော် အရှင်မြတ်တို့အား မပင်မပမ်း
ချမ်းချမ်းသာသာ သာသနာပြုနိုင်ရန်အလို့ငှါ
မလေးရှားရောက် စမုံညင်းဒေသ ရွှေမြန်မာများမှ
စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း
ဆက်ကပ် လှူဒါန်း ကြမည်ဖြစ်ပါ၍ မိမိတို့ နှစ်သက်ရာ ပရိက္ခရာများကို တစ်ဦးချင်းဖြစ်စေ စုပေါင်း၍ဖြစ်စေ
ကိုယ်တိုင်ကိုယ်ကြ ပါဝင်၍ ကုသိုလ်ပြု လှူဒါန်းနိုင်ကြပါပြီ၊ စုပေါင်းလှူဒါန်း ရေစက်ချ အခမ်းအနားသို့ ကြွရောက်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ ရိုသေလေးမြတ်စွာဖြင့် နှိုးဆော် ဖိတ်ကြားအပ်ပါသည်..
နံနက် ၉း၀၀ နာရီ အချိန်မှ စတင်၍ ကထိန်သင်္ကန်းများ ဆက်ကပ်ပါမည်

နေ့ရက် 16-10-2011 တနင်္ဂနွေနေ့ 
( ၁၃၇၃ခု၊နှစ်၊သီတင်းကျွတ်လပြည့်ကျော်( ၄ )ရက်
ဆွမ်းကပ်ချိန် ၁၁.၃၀ နာရီ
ဧည့်ခံကျွေးမွေးချိန် ၁၁.၃၀ နာရီ
တရားနာရေစက်ချချိန် ၁၀.၀၀ နာရီ

စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်လာ ကြသော ဧည့်ပရိသတ်တို့အား မလေးရှားနိုင်ငံ စမုံညင်း KESUMA-LAKE နေ မဟာဘုံကထိန် အကျိုးဆောင်အဖွဲ့ ရွှေညီအကိုမောင်နှမများမှ မြန်မာရိုးရာ ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးကြပါမည်။
PR မိတ္တူနှင့် စာရေးကိရိယာ စာအုပ်ဆိုင် ရွှေညီအကိုများမှ သောက်ရေသန့် နှင့်
ပဲနို့  အအေးဗူးများ ဧည့်ခံကြပါမည်။


ရှေးကကောင်းလို. ခုကောင်းပါသည် ခုကောင်း နောင်ကောင်းပါလိမ့် မည်။ တစ်စ တစ်စ၊ စွန့် ဝံ့ မှလျှင်၊ ဘဝနောက်နှောင်း၊ ဆက်တိုင်းကောင်း၏ ။


No comments:

Post a Comment